Lyrics

နင်ပျော်ဖို့ဆို - (Lu Khit & Tay Za MC)

ရင်ခုန်ခြင်းတို့ ဆိတ်ငြိမ်ပျောက်ကွယ်
အိပ်မက်ဟောင်းတို့ အဝေးကိုလွင့်ပြယ်
တချိန်မှာ မင်းမရှိတော့လည်း နေ့နဲ့ညမှာ
ရွက်လွှင့်နေဆဲ
မျှော်လင့်ခြင်းနဲ့အတိတ်ကို တစ်ခေါက်ပြန်လည်
ငါလေ လမ်းဟောင်းတိုင်းလည်း ရောက်ချင်တယ်
ပုံဖော်ခဲ့တဲ့အချစ်က အနားနားမရှိရင် အရာအရာ အလကားပဲ
နာကျင်ခြင်းနဲ့ ငါ့ရင်ဘက်ကိုစတေး
ငါ့ချစ်သူ မင်းလေးပျော်ဖို့အရေး
နင်လေသွားပါ...သွားပါ... ဘာမဆိုလှည့်မကြည့်လိုက်ပါနဲ့...
အဝေးကအချိန်တိုင်းချစ်နေမှာပါ
မင်းပြုံးရင်ကျေနပ်ခဲ့တာ မင်းကဒါလည်း မသိနိုင်ပါကွာ
ဖြစ်သမျှကို အကုန်မေ့လိုက်ပါ
မင်းရဲ့ ဆန္ဒဖြည့်ချင်သူပါ
ငါ့ဘဝကိုချခင်းပြီး နင်ပျော်ဖို့ဆို ဘာမှမလို
ငါဒူးထောက်ပြီးတော့ နေပေးလိုက်မှာ...

Rap... ခပ်ပေါပေါအချစ်ဝတ္ထုတပုဒ်ကို ဖတ်ခိုင်းရ
သလိုမျိုးပဲ နောက်ဆုံးနင်လည်းပဲရိုးခဲ့
ရပါတယ် နင်သွားရင်သာ ချောင်ထဲကိုထိုးခဲ့
ငါနားလည်ပါတယ် ဒါက လူတွေအကျင့်တမျိုးပဲ
နင်လမ်းလျှောက်တဲ့အခါ နင့်အတွက် ဖိနပ်လေးဖြစ်ချင်
နင်ချွေးထွက်တဲ့အခါကျ နင့်အတွက် Tissue ဖြစ်ချင်
နေပူမိုးရွာတဲ့အခါကျ နင့်အတွက် ထီးလေးဖြစ်ချင်
နင်လိုအပ်မယ့် အရာရာတိုင်းအတွက် ပါရမီဖြည့်ချင်..
နင့်အပေါ် မျှော်လင့်ချက်တွေ အရမ်းထားခဲ့တော့
ဆုံးရှုံးရမှာကြောက်ခဲ့ကောင်းကင်ဝယ် တိမ်တွေတောက်တဲ့
အချိန်ရောက်ရင် လမ်းအတူလျှောက်တဲ့
နေရာကို တစ်ခေါက်ပြန်ရောက်ခဲ့တဲ့ အချိန်တွေတိုင်း...
မလိမ်ညာပါ ငါ့နှလုံးသား အောင့်ဆဲပဲ..

No comments:

Post a Comment